လင့်တွေကို Rollover Button လေးနဲ့သုံးခြင်ရင်
သည်နည်းလေးကေတာ့ မိမိတို့ဘလော့လင့်တွေကို ပုံစံဒီဇိုင်းလေးတစ်မျိုးနဲ့ ရေးနည်းပါ...
ဒါလေးကတော့ ပို့စ်စာမျက်နှာမှာ ရေးနိုင်သလို ဆိုဒ်ဘား Java/Script မှာလဲ အသုံးပြုနိုင်ပါတယ်.. အဆင်ပြေတဲ့နည်းလမ်းလေးတစ်ခုပါ..ပုံမှာ ပြထားသလို ကျွန်တော့ဆိုဒ်မှာ ရေးထားတာလေးတွေပါ... Layout ကနေ Html/Javascript ကိုထည့်ထားတဲ့ အပေါ်ပုံပါ.. ဘယ်ကိုဘဲ လင့်ညွှန်ပါစေ သူ့ဇယားလေးနဲ့သူ လှလှပပ သေသပ်နေတာ ကြည့်ကောင်းတာပေါ့...
အသုံးပြုရမဲ့ ကုဒ်လေးကေတာ့ နဲနဲလေးနဲ့ ရှင်းပါတယ်.. ထည့်တာကတော့ မိမိတို့ ပို့စ်မှာထည့်မယ်ဆိုလဲ ပို့စ်စာမျက်နှာမှာ html နဲ့ကလစ်ပြီး အောက်ကကုဒ်လေးကို ထည့်ပေးလိုက်ပါ။
ဆိုဒ်ဘားမှာ အသုံးပြုမယ်ဆိုရင်တော့..
►1. Login လုပ်လိုက်ပါ ဘလော့ကာကို
►2. Layout ကိုကလစ်ရပါ့မယ် မိမိတို့ Dashboard ကနေပေါ့
►3. Add a Gadget ကိုကလစ်ပေးလိုက်ပါ
►4. HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
►5. အောက်ကပေးထားတဲ့ ကုဒ်တွေကို ကော်ပီယူ ထည့်လိုက်ပါ
အသုံးပြုရန်ကုဒ်.....
<form action="http://www.yaungpyanlay.com/" target="_blank" method="GET">
<input type="submit" value="ရောင်ပြန်လေး(နည်းပညာ)မှကြိုဆိုပါ၏">
</form>
သည်လိုလေး တွေ့ရပါ့မယ်... အနီရောင်နဲ့ လင့်နေရာ စာသားနေရာမှာ လိုအပ်သလို ပြောင်းလဲ သုံးနိုင်ပါတယ်...
ပါဝင်ရေးသားကြသူမျာ.....
ရောင်ပြန်လေး(ရောင်ပြန်လေးနည်းပညာ)

Post a Comment