Xiaomi စမတ်ဖုန်း Model အသစ်ဖြစ်တဲ့ Mi 5x မှာ Google Service Apps များ အဆင်ပြေပြေထည့်သွင်းနည်း
နောက်ထွက်လာတဲ့ Xiaomi စမတ်ဖုန်း Model အသစ်ဖြစ်တဲ့ Mi 5x မှာ Google Service
Apps များ ထည့်သွင်းရတာ အဆင်မပြေသူတွေအတွက် အဆင်ပြေပြေထည့်သွင်းနည်းလေးကို
မျှဝေပေးလိုက်ပါတယ်။ အရင်ဆုံးအနေနဲ့ လိုအပ်တဲ့ဖိုင်ကိုရယူလိုက်ပါ။
Gapps Files – Download Link
ထည့်သွင်းရန် လုပ်ဆောင်ရမဲ့နည်းလမ်း
*************************
- File Manager ထဲက MiUi Folder ထဲကိုသွားပါ။
- backup ထဲကိုသွားပါ။
- AllBackup ထဲကိုထက်ဝင်ပါ။ အထဲထဲမှာ Google*****.bak ဆိုတဲ့ဖိုင်လေးတွေတွေ့ရင် အဆင်ပြေပါပြီ။
- Setting ထဲက Additional Setting ထဲသွားပါ။
- Backup & reset ထဲသွားပါ။
- Local backups ထဲသွားလိုက်ပါ။
- အဲဒီထဲမှာ Dec 11, 2016, 10:30 PM ဆိုပြီး စာလေးတွေ့ပါမယ်။ အဲဒါလေး တစ်ချက်နှိပ်ပေးပါ။
- Restore ဆိုတာကိုနှိပ်လိုက်ပါ။ လိုအပ်တာတွေ လုပ်ပေးပြီးရင် 100% ပြပါမယ်။
- Finish ဆိုတာကိုနှိပ်ပေးလိုက်ပါ။ ပြီးရင်ဖုန်းကို Power Key ဖိထားပြီး Restart ( Reboot ) လုပ်ပေးလိုက်ပါ။
ပြန်တက်လာရင်တော့ Google Apps များ အဆင်ပြေပြေသုံးနိုင်ပါပြီ။
Source ; MMAS
ပါဝင်ရေးသားကြသူမျာ.....
ရောင်ပြန်လေး(ရောင်ပြန်လေးနည်းပညာ)


Post a Comment