အချိန်တိုင်းမှတ်တမ်းတင်ပြီးတော့ Cloud ကိုပို့ပေးမယ့် ‘Owl Cam’
Dash cam တွေကတော့ မောင်းနှင်နေချိန်မှာ လုံခြုံမှုကိုလိုလားတဲ့သူတွေအတွက်ကတော့ မရှိမဖြစ်အရာတစ်ခုဖြစ်လာပါပြီ။ ဒါကြောင့် ‘Owl Cam’ ကလည်း ဖြေရှင်းနည်းအသစ်နဲ့ လုပ်ဆောင်ချက်တွေကို ထပ်မံချဲ့ထွင်လိုက်ပါပြီ။
အရှေ့ကင်မရာနဲ့ အတွင်းပိုင်းကင်မရာတို့ကိုပေါင်းစပ်ပြီးတော့ လုပ်ဆောင်ထားတဲ့အတွက် ကားရဲ့အတွင်း၊ အပြင်အားလုံးကို ဒေါက်ထောက်ကြည့်နေနိုင်ပါပြီ။ အချိန်တိုင်းမှတ်တမ်းတင်ထားမှာဖြစ်ပြီးတော့ 4G ချိတ်ဆက်မှုတွေရှိတဲ့အတွက်ကြောင့် cloud ပေါ်ကို တင်ပေးဦးမှာပါ။ ဒါကြောင့် မမ်မိုရီကဒ်တွေမလိုအပ်တော့ပါဘူး။ ဆိုတော့ ခိုးပြီးတော့ ဖျောင်ပစ်လိုက်တာမျိုးလည်း မကြောက်ရတော့ဘူးပေါ့။
‘Owl Cam’ dash cam လေးကတော့ လုံခြုံရေးကင်မရာအဖြစ်နဲ့လုပ်ဆောင်နိုင်ပြီးတော့ ကားအနားမှာသင့်မရှိတဲ့အချိန်မှာလည်း လုံခြုံအောင်စောင့်ကြည့်ပေးနိုင်ပါတယ်။
Source ; MMAS
ပါဝင်ရေးသားကြသူမျာ.....
ရောင်ပြန်လေး(ရောင်ပြန်လေးနည်းပညာ)


Post a Comment