အသစ်ထွက်မယ့် SAMSUNG GALAXY S9 အကြောင်း သိထားသင့်သမျှ
Samsung ဟာ Galaxy S9 စမတ်ဖုန်းကို Mobile World Congress မကျင်းပမီ တစ်ရက်အလို ဖေဖော်ဝါရီ ၂၅ ရက်မှာ မိတ်ဆက်ကြေညာမယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် နည်းပညာပေါက်ကြားသတင်းတွေနဲ့ ပတ်သက်ပြီး လူသိများကျော်ကြားတဲ့ Evan Blass (@evleaks) ကလည်း Galaxy S9 နဲ့ အရွယ်ကြီးမားတဲ့ Galaxy S9 Plus ကို မတ်လ ၁ ရက်မှစတင်ကာ ကြိုတင်မှာယူနိုင်ပြီး မတ်လ ၁၆ ရက်မှာ စတင်ရောင်းချမယ်လို့ ပြောကြားခဲ့ပါတယ်။
According to a C-level executive at a major casemaker, the go-to-market schedule for Galaxy S9 / S9+ is as follows:— Evan Blass (@evleaks) January 16, 2018
Launch - 2/26
Pre-orders - 3/1
Ships/releases - 3/16
ဒါကြောင့် မကြာခင်မြင်တွေ့ရတော့မယ့် Galaxy S9 နဲ့ပတ်သက်ပြီး သိထားသင့်တာတွေကို ဖော်ပြလိုက်ပါတယ်။
– Samsung က Galaxy S9 မိတ်ဆက်မယ့်အချိန်ကို အတည်ပြုထားပေမယ့် စတင်ရောင်းချမယ့်အချိန်ကို မပြောသေးပါဘူး။
ဒါပေမဲ့ Blass ရဲ့ Galaxy S9 ကို မတ်လမှာ ဖြန့်ချိမယ်ဆိုတဲ့ ပြောကြားချက်က ယုတ္တိရှိပါတယ်။ သူ့ရဲ့ပြောကြားချက်က Samsung ရဲ့ အရင် စမတ်ဖုန်းဖြန့်ချိတဲ့အချိန်တွေနဲ့ အလွန်ကိုက်ညီနေပါတယ်။
ပြီးခဲ့တဲ့နှစ်က Galaxy S8 ကို ဘေးကင်းလုံခြုံရေးကိစ္စရပ်တွေကြောင့် ပုံမှန်ထက် တစ်လနောက်ကျပြီး ဧပြီလမှာ ဖြန့်ချိခဲ့ပါတယ်။
Galaxy S7 ကိုတော့ အရင် Galaxy-S စီရီးတွေလိုပဲ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှာ မိတ်ဆက်ပြီး မတ်လလယ်မှာ ဖြန့်ချိခဲ့ပါတယ်။
– ဖေဖော်ဝါရီလ ၂၅ ရက်မှာကျင်းပမယ့် မိတ်ဆက်ပွဲအတွက် ဖိတ်စာကို Samsung က ပေးပို့ခဲ့ပါတယ်။
Galaxy S9 ဖြန့်ချိမယ့်အချိန်ကို အတည်တကျ မသိရသေးပေမယ့်လည်း Samsung က ဖေဖော်ဝါရီ ၂၅ ရက်မှာကျင်းပမယ့် ပွဲအတွက် ဖိတ်စာတွေ ပေးပို့ခဲ့ပါတယ်။
အဲ့ဒီဖိတ်စာမှာ ဖုန်းရဲ့နာမည်ကို အရိပ်အမြွက်ဖော်ပြထားပါတယ်။ ဖိတ်စာမှာ “9” ကို စာလုံးအကြီးနဲ့ ဖော်ပြထားတာကြောင့် ဒါဟာ Galaxy S9 ဖြစ်တယ်ဆိုတာကို အတည်ပြုတဲ့ သဘောဖြစ်ပါတယ်။ ဒါ့အပြင် အသစ်မိတ်ဆက်မယ့်ဖုန်းမှာ ကင်မရာပိုင်း အဆင့်မြှင့်တင်ထားကြောင်းကိုလည်း ဖိတ်စာမှာ ဖော်ပြထားပါတယ်။
– Galaxy S9 ရဲ့ ပေါက်ကြားသတင်းတွေနဲ့ ကောလာဟလတွေ ထွက်ပေါ်ထားပါတယ်။
Galaxy S9 မိတ်ဆက်ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို Samsung က ဝေမျှခဲ့တဲ့နောက် ပေါက်ကြားသတင်းတွေနဲ့ ကောလာဟလသတင်းတွေ ထွက်ပေါ်လာပါတယ်။
မကြာသေးခင်ကလည်း Galaxy S8 နဲ့ ဒီဇိုင်းဆင်တူပြီး touchscreen စွမ်းရည်ပြသထားတဲ့ ဗီဒီယိုတစ်ခု ပေါက်ကြားထွက်ပေါ် လာပါတယ်။
အခြားအသေးစိတ်အချက်အလက်တွေက Samsung ကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ Samsung ဟာ ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် ကင်မရာနည်းပညာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို တရားဝင်ဝက်ဘ်ဆိုက်ပေါ်မှာ ဝေမျှခဲ့ပါတယ်။ အဲ့ဒီကင်မရာမှာ pro mode ကိုမပြောင်းဘဲ camera parameter တွေကို ပိုမိုထိန်းညှိစေနိုင်မယ့် autofocus နဲ့ setting တွေကို အဆင့်မြှင့်တင်မှုတွေ ပါဝင်လာပါတယ်။ ပွဲဖိတ်စာမှာ ကင်မရာအဆင့်မြှင့်တင်မှုတွေကို အရိပ်အမြွက်ဖော်ပြထားတာကြောင့် ဒါဟာ Galaxy S9 နဲ့ ဆက်စပ်နေတယ်လို့ ဆိုနိုင်ပါတယ်။
– Galaxy S9 မှာ စိတ်လှုပ်ရှားစရာကောင်းတဲ့ feature တွေ ပါဝင်လာနိုင်ပါတယ်။
Samsung ဟာ Bixby artificial-intelligence assistant အတွက် update ကို အလွယ်တကူသုံးနိုင်မယ့် interface တစ်ခုနဲ့ ထောက်ပံ့ပေးသွားမယ်လို့ ပြောကြားထားပါတယ်။ ပေါက်ကြားထွက်ပေါ်လာတဲ့သတင်းအချို့မှာလည်း Samsung က ထုတ်ကုန်ရဲ့ဒီဇိုင်းကို အလွယ်တကူသုံးနိုင်အောင် ပြောင်းလဲသွားဖို့ရှိတယ်လို့ ဖော်ပြထားပါတယ်။
Galaxy S9 ရဲ့ကျောဘက်မှာ ပါဝင်လာမယ့် fingerprint scanner ကိုလည်း ကင်မရာရဲ့အောက်ဘက်တည့်တည့်မှာ တွေ့မြင်ရဖို့ရှိပါတယ်။ ဒီအပြောင်းအလဲဟာ သုံးစွဲသူတွေက fingerprint scanner ကို အလွယ်တကူ ရှာတွေ့စေနိုင်မှာဖြစ်ပါတယ်။ Galaxy S8 မှာတုန်းက fingerprint scanner ကို ကင်မရာရဲ့ဘေးမှာ ထည့်သွင်းခဲ့ပါတယ်။
အခြား ပေါက်ကြားသတင်းတွေကတော့ Galaxy S8 မှာ super-slow-mo ဗီဒီယိုလိုမျိုး ကင်မရာ feature သစ်တွေပါဝင်လာမယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် လူသိများတဲ့ Samsung feature တွေဖြစ်တဲ့ ကြိုးမဲ့အားသွင်းစနစ်နဲ့ ရေစိုဒဏ်ခံစနစ်တို့ကိုလည်း Galaxy S9 မှာ တွေ့မြင်နိုင်ပါတယ်။
Galaxy S9 and S9+ launch date, according to rumor - https://t.co/Kuo3T3GysY pic.twitter.com/3HXX7pm3RS— PhoneArena (@phonearena) January 16, 2018
– Galaxy S9 ရဲ့ အတွင်းပိုင်း hardware အချက်အလက်တွေကိုတော့ အသေအချာ မသိရသေးပါဘူး။
လတ်တလောထွက်ပေါ်လာတဲ့ သတင်းတွေအရ Samsung အနေနဲ့ Galaxy S9 ရဲ့ ဘက်ထရီကို အဆင့်မြှင့်တင်ဖွယ်မရှိဘူးလို့ သိရပါတယ်။ ဒါပေမဲ့ အရင်ထွက်ပေါ်ခဲ့တဲ့ ကောလာဟလသတင်းတွေမှာတော့ စွမ်းအင်ပမာဏ အနည်းငယ်တိုးမြှင့်ထားတယ်လို့ ဖော်ပြထားပါတယ်။ Display အရွယ်အစားနဲ့ အရည်အသွေးကလည်း ပြောင်းလဲမှုမရှိနိုင်ပါဘူး။
Galaxy S9 Retail box!— Ben Geskin (@VenyaGeskin1) January 12, 2018
Super Speed Dual Pixel 12MP OIS F1.5
Super Slow-mo (I think 960fps)
Stereo Speakers tuned by AKG 🔥
(via https://t.co/ii4f2gG17j) pic.twitter.com/gui5lfCUOp
ဒါ့အပြင် Galaxy S9 ရဲ့ memory နဲ့ storage ပမာဏဟာလည်း Galaxy S8 အတိုင်း မပြောင်းလဲဘူးလို့ ပေါက်ကြားသတင်းတွေမှာ ဖော်ပြထားပါတယ်။ Samsung ဟာ ကုမ္ပဏီရဲ့ထုတ်ကုန်တွေမှာ သိုလှောင်မှုပမာဏတိုးချဲ့နိုင်အောင် ပြုလုပ်ပေးလေ့ရှိတာကြောင့် Galaxy S9 မှာလည်း အလားတူအတိုင်း တွေ့မြင်ရဖို့ရှိပါတယ်။
Apple နဲ့ Google တို့အပါဝင် စမတ်ဖုန်းကုမ္ပဏီအချို့ဖြန့်ချိထားတဲ့ ပရီမီယံစမတ်ဖုန်းတွေမှာ နားကြပ်ပေါက်မပါဝင်ပေမယ့် Galaxy S9 မှာတော့ 3.5mm headphone jack ကို ဆက်လက်မြင်တွေ့ရဖို့ရှိပါတယ်။
Ref: BusinessInsider









Post a Comment